Tuesday, January 8, 2008

အလွမ်း

မလွမ်းဘူးလားရယ်လို့
မတမ်းဘူးလားရယ်လို့
အရည်လည် မျက်ရည်စတွေနဲ့
ဘ၀င်ဝယ် သည်းကြွေခလေအောင်
မေးမပြပါနဲ့ ချစ်သူရယ်...
တကယ်ချစ်ရသူမို့
ရင်ဝယ်ဘယ်ခါ မမေ့နိုင်ဘု
သခင်ရယ်ထွေးကာ ထားပါ့မယ်
ဆွေးစရာ့စကားတွေ မပြောလေနဲ့တော့
နွေးစရာ့ရင်ခွင်မှာ
ခေါင်းမော့ကာ ပြုံးပြပါဦး...။ ...။

Sunday, November 18, 2007

ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်

မထင်မှတ်ဘဲ ဒီလထဲမှာသူငယ်ချင်းများနဲ့ ခရီးထွက် ဖြစ်ခဲ့တယ်။ ကျိုက်ထီးရိုးဘုရားကို အတူတူဖူးရမဲ့ ရေစက်ပါ
လာလို့ထင်တယ်။ အလုပ်ထဲရောက်မှခင်တယ် ဆိုပေမဲ့ ညီအစ်မရင်းတွေလိုရင်းနှီးခင်မင်ရတဲ့ သူငယ်ချင်းတွေ
ကြောင့် အရမ်းပျော်ဖို့ကောင်းပါတယ်။

Tuesday, October 30, 2007

အနာဂတ်


အတိတ်ကိုတွေး တမ်းစွဲငေးငိုင်
လွမ်းဆွေးနေလည်း ဆုံးခဲ့ပြီ
မဖြစ်သေးတဲ့ အရာတစ်ခု
တောင့်တနေလည်း မရပြီ
ရင်မှာမျိုသိပ် ခံစားချက်တွေ
ဖောက်ထွက်လာလည်း နှောင်းခဲ့ပြီ။
မပြီးသေးတဲ့ဇာတ်လမ်းတစ်ပုဒ်
ပေါင်းစပ်ချင်လည်း မဖြစ်ပြီ
အတိတ်နဲ့ အနာဂတ်က
အချိန်တွေလည်းမရှိပြီ
အနာဂတ်ဆိုတဲ့ အချိန်ကသာ
ဘ၀ကိုလည်းပြောင်းလဲပြီ
အတိတ်ကအိပ်မက်ဆိုး
အနာဂတ်က မျှော်လင့်ချက်နဲ့ 
ဘ၀တစ်ခုကို နစ်မွန်းမနေ ပါစေနဲ့ ။